နောက်ဆုံး နှုတ်ဆက်စကားများ
19ပြစ်ကိလ၊ အာကုလ နှင့်တကွ ဩနေသိဖော်၏ အိမ်သူအိမ်သားရို့ကိုလည်း ငါ နှုတ်ဆက်လိုက်ပါ၏။ 20ဧရက္ကုသည် ကောရိန္သုမြို့၌ ကျန်ခ၏၊ တရောဖိမ်သည် ဖျားနိန်သောကြောင့် သူ့ကို မိလက်မြို့၌ ထားခ၏။ 21သင်သည် ဆောင်းရာသီ မတိုင်ခင် အတတ်နိုင်ဆုံး ကြိုးစား၍ အရောက်လာလော့။
ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိ နှင့်တကွ အခြားသော ညီအစ်ကို မောင်နှမအားလုံးကလည်း သင့်ကို နှုတ်ဆက်လိုက်ကြ၏။
22သခင်ဘုရားသည် သင်၏စိတ်ဝိညာဉ်နှင့်အတူ တည်ပါစီသောဝ်။
ဘုရားသခင်၏ကျေးဇူးတော်သည် သင်ရို့အားလုံး၌ တည်ပါစီသောဝ်။


