အန္တိအုတ်မြို့သို့ ပြန်လာခြင်း
18ပေါလုသည် ကောရိန္သုမြို့၌ ယုံကြည်သူများနှင့် ရက်အတန်ကြာ နီထိုင်ပြီး ပြစ်ကိလနှင့် အာကုလနှင့်အတူ ယှုရိပြည်သို့ ရွက်ရွှင့်ကြလေ၏။ ကင်ခြေမြို့မှ ရွက်ရွှင့်မထွက်ခွာခင် သစ္စာကတိ ပြုထားခသည် နှင့်အညီ ပေါလုသည် မိမိဂေါင်းကို ရိတ်လေ၏။ 19သူရို့သည် ဧဖက်မြို့သို့ ရောက်သောအခါ ပေါလုသည် ပြစ်ကုလနှင့် အာကုလကို ထိုမြို့၌ ထားခပြီးလျှင် တရားဇရပ်သို့ ဝင်ရောက်၍ ယုဒလူမျိုးများနှင့် ဆွေးနွေးခြင်းကို ပြုလေ၏။ 20ထိုသူရို့က ပေါလုအား ကာလအတန်ကြာ နီစီခြင်းငှာ တောင်းပန်သော်လည်း သူက မလိုက်လျော့ခပေ။ 21သူထွက်ခွာချိန်၌ “ဘုရားသခင်အလိုတော်ဟိလျှင် သင်ရို့ပါးသို့ ငါ ပြန်လာဦးမည်” ဟူ၍ သူသည် ကတိပြုပြီးလျှင် ဧဖက်မြို့မှ ရွက်ရွင့်လေ၏။
22သူသည် ကဲသရိမြို့သို့ ဆိုက်ကပ်ပြီးလျှင် ယေရုဆလင်မြို့သို့ တက်၍ အသင်းတော်ကို နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းလားလေ၏။ 23သူသည် ထိုမြို့၌ အင်တန်ကြာ နီထိုင်ပြီးနောက် ထွက်ခွာလာပြီးလျှင် ယုံကြည်သူအပေါင်းရို့အား ခွန်အားပီးယင်း ဂလာတိနယ်နှင့် ဖြူဂိနယ် တလျှောက်လုံး၌ လှည့်လည်ခလေ၏။


