8ထိုမိန်းမရို့သည် ထိန့်လန့်တုန်လှုပ်၍ သင်္ချိုင်းဂူမှ ထွက်ဗြီးကြ၏။ သူမရို့သည် ကြောက်လန့်သောကြောင့် မည်သူ့ကိုမျှ မပြောပြကြပေ။

သတင်းကောင်း၏ နည်းဟောင်းအဆုံးသတ်တစ်မျိုး

မာဂဒလမြို့သူ မာရိကို ယေသျှု ကိုယ်ထင်ပြခြင်း

(မဿဲ ၂၈.၉,၁၀; ယောဟန် ၂၀.၁၁–၁၈)

[ 9ယေသျှုသည် သီခြင်းမှ ထမြောက်တော်မူပြီးနောက် တလင်းဂနီနိ့ မိုးထစောစောအချိန်၌ မာဂဒလမြို့သူ မာရိအား ဦးစွာကိုယ်ထင်ပြတော်မူ၏။ ကိုယ်တော်သည် သူမထံပါးမှ နတ်ဆိုးခုနစ်ကောင်ကို နှင်ထုတ်ပီးခဖူး၏။ 10ထိုမာရိသည် ညည်းတွားငိုကြွီးလျက် ဟိနိန်ကြသော တပည့်တော်ရို့ပါးသို့ လား၍ ထိုသတင်းတော်ကို ကြားပြောလေ၏။ 11ယေသျှုသည် အသက်ရှင်တော်မူကြောင်းကိုလည်းကောင်း၊ မာရိသည် ယေသျှုကို တွိ့မြင်ခရသည်ကိုလည်းကောင်း၊ သူရို့သည် ကြားကြသော်လည်း မယုံကြပေ။