နောက်ဆုံး နှုတ်ဆက်စကား

13နင့်ဆေ ငါ ရေးစရာ ရမ်းဆာ့ဆိသော်လည်း မင်နဲ့ ကလောန်တန်ဖြင့် ငါ ရေးချင်မောင်းလဲ့။ 14နင်နဲ့ အမြန် တွေ့ယွေ့ မျက်နှာချင်းဆိုင် စကားပြောဆိုရန် ငါ မျော်လင့်ထားအယ်။

15နင်နှိုက် ငြိမ်သက်ခြင်း ဆိပါစေ။

မိတ်ဆွေအားလုံးဟ နင့်ဟို နှုတ်ဆက်ကြအယ်။ မိတ်ဆွေလို့ တဦးစီဟို နှုတ်ဆက်ပေးလော့။