ဟာဂရနဲ့ စာရာလို့ရဲ့ ဥပမာ

21တရားဥပဒေကို လိုက်နာလိုသူများ မေးပါရစေ၊ ပညတ်တရား စကားဟို မကြားကြသလော။ 22အာဗြဟံတွင် သားနေယောက် ဆိအယ်။ တယောက်ဟ ကျွန်မရဲ့သား၊ နောက်တယောက်ဟ ကျွန် မဟုတ်သော မိန်းမရဲ့သား ဖြစ်အယ်။ 23ကျွန်မရဲ့သားဟ ဇာတိပကတိအားဖြင့် မွေးပေမဲ့ ကျွန် မဟုတ်သော မိန်းမမှ သူရဲ့သားဟို ဘုရားသခင်ရဲ့ ကတိတော်အရ မွေးဖွားခဲ့အယ်။ 24ဟေအရာများဟို ပုံဆောင်ချက်အဖြစ် နားလည်နိန်ပင်း မိန်းမနေဦးဟ ပဋိညာဉ်နေခုကို ကိုယ်စားပြုအယ်။ မိန်းမတယောက်ဟ ဟာဂရဖြစ်ပင်း မွေးဖွားလာသော လူပဲ့သငယ်ဟ သိနာတောင်မှာ ပြုလုပ်ထားတဲ့ ပဋိညာဉ်ကို ကိုယ်စားပြုတယ်။ 25ဟာဂရဟ အာရေဗျပြေဆိ သိနာတောင်အတွက် ကိုယ်စားပြုအယ်။ လူအားလုံးနဲ့ ကျွန်ခံနေတဲ့ လက်ဆိ ယေရုရှလင်မြို့ရဲ့ ပုံဆောင်မှု ဖြစ်ပါအယ်။ 26အဲလိုလဲ အထက်အရပ်တွင်ဆိသော ယေရုရှလင်မြို့ဟ လွတ်လပ်ယွေ့ သူဟ ငါလို့ရဲ့ အမေ့ဖြစ်အယ်။ 27အကျောန်းမှာ ကျမ်းစာပြောတာဟ၊

“လူပဲ့မဆိသော မိန်းမ၊ ပျော်ရွှင်လော၊

လူပဲ့ မွေးဖွားခြင်း ဝေဒနာဟို ဖယ်တုန်းကမှ မခံစားဖူးသူ၊ ဝမ်းသာအားရ ကြွေးကြော်ကြလော့၊

ဖိုးအိုဟ ပစာအခါမှ မစွန့်ပစ်သော မိန်းမထက်

စွန့်ပစ်ခံရသော မိန်းမအတွက် လူပဲ့များ ပိုများလာမယ်။”

28အခု၊ ငါ့ရဲ့မိတ်ဆွေလို့၊ နင်လို့ဟ ဣဇက်လိုမျိုး ကတိတော်ကျောန့် ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။ 29အေးအချိန်တွင် ဇာတိပကတိအတိုင်း မွေးဖွားသော သားဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကျောန့် မွေးဖွားလာသူအား ညှဉ်းဆဲခဲ့ပင်း အခုလည်း အေးနည်းတူ ဖြစ်အယ်။ 30အဲလိုလဲ ကျမ်းစာဟ စလိုဟောထားလုန်း။ “ကျွန်မနဲ့ သူ့သားကို မောင်းထုတ်လော့။ အကျောန်းမှာ ကျွန်မရဲ့ သားဟ ကျွန် မဟုတ်သော မိန်းမရဲ့သားနဲ့အတူ အဖရဲ့ ဥစ္စာကို မပိုင်ရ” ဟု ဆိုထားအယ်။ 31အေးနောက် ငါ့မိတ်ဆွေလို့၊ ငါလို့ဟ ကျွန်မရဲ့ လူပဲ့များ မဟုတ်ဘဲ ကျွန် မဟုတ်သော လူပဲ့များ ဖြစ်ကြအယ်။