နင့်ရဲ့ လွတ်လပ်မှုကို ထိန်းသိမ်းပါ

1လွတ်လပ်မှု ရဆိစေရန် ခရစ်တော်ဟ ငါလို့ဟို လွတ်မြောက်စေအယ်။ အေးနောက် လွတ်လပ်သော သူလို့လိုမျိုး ရပ်တည်ပင်း နင်တတ်တိုင်း နောက်တခါ ကျွန်ခံရာ ထမ်းပိုးဟို ထမ်းယွေ့ တုတ်ချေခြင်းဟို မခံကြနဲ့။

2နားထောင်လော့။ ငါ ပေါလုပြောတာဟ နင်လို့တတ်တိုင်း အရေဖျားလှီးခြင်းဟို ခံစေရန် ခွင့်ပြုရင် ခရစ်တော်ဟ နင့်အတွက် လုံးဝအသုံးမဝင်ဟု ဆိုလိုအယ်။ 3အရေဖျားလှီးခြင်းကို ခံနိန်သော စသူမဆို ပညတ်တရားအားလုံးဟို လိုက်နာရမယ်ဟု ငါထပ်ယွေ့ သတိပေးအယ်။ 4ပညတ်တရားကို နာခံခြင်းအားဖြင့် ဘုရားသခင်နဲ့ မန်ကန်သဖြင့် ကျင့်ကြံအားထုတ်သော သူလို့ဟ ခရစ်တော်နဲ့ ကင်းကွာကြပီ။ နင်ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်နှိုက် မဆိ။ 5အကျောန်းမှာ ငါလို့ဟ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းဟို ရဆိမယ်ဟု မျော်လင့်ခြင်းဟို ဝိညာဉ်တော်နှိုက် အမှီပြုယွေ့ စောင့်မျော်နေကြအယ်။ 6အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအခါ အရေဖျားလှီးခြင်းဖြစ်စေ အရေဖျားမလှီးခြင်းဟ ခြားနားမှု မဆိပေ၊ ချစ်ခြင်းမေတ္တာအားဖြင့် လုပ်ဆောင်နိန်သော ယုံကြည်ခြင်းဟ အရေးကြီးအယ်။

7နင်ကောင်းကောင်း လုပ်ဆောင်ခဲ့တာပဲ။ အမန်တရားကို မနာခံဖို့ စသူဟ တားတာလဲ။ သူဟ နင့်ဟို စလို သွေးဆောင်ခဲ့တာလဲ။ 8အေးအရာဟ နင့်ဟို ခေါ်တဲ့ ဘုရားသခင်ဆေဟ လာတာ ဟုတ်ဝူး။ 9ဆိုရိုးဆိလဲ့အတိုင်း “ကတစ်လေးသော တဆေးဟ မုန့်ညက်တပုံးလုံးဟို ဖောင်းပွစေတတ်အယ်။” 10အဲလိုလဲ ငါ နင့်ဟို ယုံကြည်စိတ်ချနေတုန်းပဲ။ သခင်ဘုရားနဲ့ တလုံးတဝတည်းသော ငါလို့ရဲ့ အသက်တာဟ မတူညီသော အမြင်ဟို ခံယူမယ် မဟုတ်ကျောန်းနဲ့ နင့်အား စိတ်အနှောင့်အယှက် ဖြစ်စေသော စသူမဆို ဘုရားသခင်ဟ အပစ်ပေးခံရမယ်ဟု ငါ ယုံကြည်အယ်။

11ညီအကိုနဲ့ နှမလို့၊ ငါဟ အရေဖျားလှီးခြင်းကို ဟောပြောသေးရင် ပစာကျောန့် ညှဉ်းဆဲခြင်းဟို ငါ ခံနေရသေးလုန်း။ အေးအခြေအနေတွင် လက်ဝါးကပ်တိုင်ရဲ့ ထိမိယွေ့ လဲစရာဟို ဖယ်ဆှားခြင်း ခံရပီ။ 12လှုံ့ဆော်သော သူလို့ဟ တလမ်းလုံး ဆှောက်သွားပင်းတော့ သူလို့တတ်တိုင်း သူလို့ သုတ်သင်ရင် ကောင်းလိမ့်မယ်။

13ငါ့မိတ်ဆွေလို့၊ နင်လို့အတွက်ဟတော့ လွတ်လပ်မှုအတွက် ခေါ်ခြင်းခံရကြအယ်။ အဲလိုလဲ အေးလွတ်လပ်မှုဟာ နင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆန္ဒတွေကို ချုပ်ကိုင်ထားဖို့ အကျောန်းပြချက်တခု ဖြစ်လာအောန် မလုပ်ပါနဲ့။ အေးအစား ချစ်ခြင်းမေတ္တာအားဖြင့် အချင်းချင်း အစေခံစေ။ 14အကျောန်းမှာ ပညတ်တရား တခုလုံးဟို ပညတ်တော် တခုတည်းတွင် စုစည်းထားအယ်။ “နင့်ကိုယ်နင်ချစ်သလိုမျိုး နင့်ရဲ့ အိုင်နီးချင်းလည်းချစ်ပါ။” 15အဲလိုလဲ နင်ဟ တောရိုင်းတိရိစ္ဆာန်တွေလို ပြုမူရင် တယောက်ဟို တယောက် နာကျင်စေရင် သတိထားပါ အဲဟာမဟုတ်ရင် နင်လို့ဟ အချင်းချင်း လုံးလုံး ဖျက်ဆီးကြလိမ့်မယ်။