ဝိညာဉ်နဲ့ လူ့သဘောသဘာဝ
16ငါ အေးအရာဟို စလိုပြောလဲဆိုရင် ဝိညာဉ်တော်ဟ နင့်ရဲ့အသက်တာဟို ညွှန်ကြားပါစေ၊ အားပင်း နင်ဟ လူ့သဘောသဘာဝရဲ့ အလိုဆန္ဒများကို ဖြည့်ဆည်းပေးမယ် မဟုတ်ပေ။ 17အကျောန်းမှာ ငါလို့ရဲ့ လူ့သဘောသဘာဝဟ ဝိညာဉ်တော် အလိုဆိသောအရာနဲ့ ဆန့်ကျင်ဘက် ဖြစ်ပင်း ဝိညာဉ်တော် အလိုဆိသောအရာဟ ငါလို့ရဲ့ လူ့သဘောသဘာဝဆန္ဒနဲ့ ဆန့်ကျင်ဘက် ဖြစ်အယ်။ အေးနေခုဟ ရန်သူတွေ ဖြစ်ပင်း ဆိုလိုတာဟ နင်လုပ်ချင်တာကို လုပ်လို့ရဝူး။ 18ဝိညာဉ်တော်ဟ နင့်ဟို ပို့ဆောင်ရင် နင်ဟ ပညတ်တရားရဲ့အောက်နှိုက် ဆိကြအယ် မဟုတ်။
19လူ့သဘောသဘာဝနဲ့ဆိုင်သော လုပ်ဆောင်မှုဟ သိသာထင်ဆှားအယ်။ သူလို့တတ်တိုင်းဟ အကျင့်ပျက်ခြင်း၊ စုတ်ပဲ့ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်း၊ 20ရုပ်တုနဲ့ စုန်းအတတ်လို့ဟို ကိုးကွယ်ခြင်း ဖြစ်အယ်။ လူတွေဟ ရန်သူတွေ ဖြစ်လာပင်း ရန်ဖြစ်ကြတယ်။ သူလို့ဟ မနာလိုခြင်း၊ အူထော့ခြင်းနဲ့ တကိုယ်ကောင်းဆန်ခြင်းလို့ ဖြစ်လာကြအယ်။ သူလို့ဟ ပါတီတွေနဲ့ အုပ်စုတွေဟို ခွဲခြားထားအယ်၊ 21သူလို့ဟ ငြူစူခြင်း၊ သောက်စားမူးယဇ်ခြင်း၊ အပျော်လွန်ကြူးခြင်းလို့မှ စယွေ့ ဟေလိုမျိုး တခြားအရာတွေဟို လုပ်အယ်။ အရင်လိုပဲ ငါအခု နင့်ဟို သတိပေးတယ်။ အေးအရာများဟို ကျင့်သောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို ဝင်ရလိမ့်မယ် မဟုတ်ပေ။
22အဲလိုလဲ ဝိညာဉ်တော်ရဲ့ အသီးအပွင့်ဟ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ဆှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာဆိခြင်း၊ 23နှိမ့်ချခြင်း၊ မိမိကိုယ်ဟိုချုပ်တည်းခြင်းလို့ ဖြစ်အယ်။ ဟေလိုမျိုး အရာများဟို ဆန့်ကျင်သည့် ဥပဒေ မဆိပါ။ 24ခရစ်တော် ယေရှုနဲ့ စပ်လျဉ်းသောသူများဟ ဇာတိပကတိအား ကိလေသာဆန္ဒများဖြင့် လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြအယ်။ 25ဝိညာဉ်တော်ဟ ငါလို့ဟို အသက်ပေးအယ်၊ ငါလို့ရဲ့ဖဝါ့ဟို သူလည်း ထိန်းချုပ်ရမယ်။ 26မာနကြီးခြင်း၊ စိတ်ဆိုးခြင်း အဲဟာမဟုတ်ရင် အချင်းချင်း မနာလိုခြင်း မပြုရပါ။


