အချင်းချင်းရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ခြင်း

1ငါ့မိတ်ဆွေလို့၊ တစုံတဦးဟ စလို အမားမျိုးတွင် မဆို ဖမ်းဆီးမိပါက၊ ဝိညာဉ်သဘောဆိသော နင်လို့ဟ အေးသူဟို ဖြောင့်မတ်စွာ ထားသင့်ပေမဲ့ နူးညံ့သိမ်မွေ့သော နည်းဖြင့် လုပ်ရမယ်။ အားပင်း စုံစမ်းနှောင့်ယှက်ခြင်းဟို မပြုမယ့်အကျောန်း၊ ကိုယ်တတ်တိုင်း ကျေ့ရှုလော့။ 2ဝန်ထုပ်ဝန်ပိုးကို အချင်းချင်း ကူညီထမ်းကြလော့ အားပင်း အေးနည်းအားဖြင့် နင်ဟ ခရစ်တော်ရဲ့ ပညတ်တရားဟို နာခံလိမ့်မယ်။ 3အယောက်စီတိုင်းဟ ပစာမှမဟုတ်ဘဲလျက် မိမိကိုယ်ကို အရေးပါသူဟု ထင်ရင်၊ သူဟ ကိုယ့်တတ်တိုင်း လှည့်စားအယ်။ 4တယောက်စီတိုင်း ကိုယ့်အကျင့်စရိုက်ဟို စစ်ဆေးသင့်တယ်။ အဲပင်းရင် နင်တတ်တိုင်း လုပ်ခဲ့တဲ့အတွက် ဂုဏ်ယူနိန်ပင်း သူများလုပ်ထားတာတွေနဲ့ နှိုင်းယှဉ်စရာ လိုဝူး။ 5အကျောန်းမှာ တယောက်ချင်းစီအတွက် ကိုယ့်ဝန်ကိုယ် ထမ်းရမယ်။

6နှုတ်ကပတ်တရားဟို သင်ကြားခံရခြင်းရင်၊ ဆရာ့ဆေမှာ ဆိတဲ့ ကောင်းတာတွေ အားလုံးကို ဝေငှသင့်တယ်။

7ကိုယ်တတ်တိုင်း မလှည့်စားနဲ့၊ ဘုရားသခင်ဟို စသူမှ မထီလေးစား မလုပ်ရ။ နင်စိုက်ထားလဲ့အတိုင်း ရိတ်ရလိမ့်မယ်။ 8ဇာတိပကတိ အလိုဆန္ဒအတိုင်း စိုက်ရင် နင်ဟ သေခြင်းဟို ရိတ်သိမ်းရလိမ့်မယ်။ နင်ဟ ဝိညာဉ်တော်နှိုက် စိုက်ပျိုးရင် နင်ဟ ထာဝရအသက်ဟို ရိတ်သိမ်းရလိမ့်မယ်။ 9အေးလိုမို့ ကောင်းသောအမှုပြုရန် မငြီးငွေ့ပါနဲ့၊ အကျောန်းမှာ ငါလို့ အရှုံးမပေးရင်၊ ရိတ်ရသော အချိန်ရောက်လိမ့်မယ်။ 10အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။