ခွင့်မလွှတ်လဲ့ အစေခံ ပုံဥပမာ

21အဲပင်းရင် ပေတရုဟ ယေရှုဆေဟို လာယွေ့ “သခင်ဘုရား၊ ငါရဲ့ ညီအကိုဟ ငါ့ဟို ပစ်မားရင် သူ့အား ဖယ်နေကြိမ်လောက် ခွင့်လွှတ်ရမလုန်း။ ခုနေကြိမ် တိုင်အောန်လော” ဟု မေးဆှောက်အယ်။

22ယေရှုဟ “ခုနေကြိမ်တိုင်အောန် ဟု နင့်အား ငါမဆိုဘဲ အကြိမ် ခုနေဆယ် ခုနေလီတိုင်အောန် ဟု ငါဆိုအယ်။ 23အဲလိုမို့ ခေါန်းခင်နိုင်ငံတော်ဟ မိမိရဲ့ အစေခံများနဲ့ စာရင်းဆှင်း လိုလဲ့ ဘုရင်တပါးနဲ့ တူအယ်။ 24သူဟ စာရင်းစပင်း ဆှင်းစဉ် ဆွေ မုတ်တသောင်း ကြွေးတင်သူ လူတယောက်ဟို သူ့ဆေဟို ခေါ်ခဲ့ကြအယ်။ 25အဲသူဟ အကြွေးဆပ်စရာ မဆိသောကျောန့် ဘုရင်ဟ အဲသူနဲ့ တကွ သား ပေါင်အိုမ၊ ပစ္စည်းဥစ္စာဆိသမျှလို့ဟို ရောင်းယွေ့ ဆပ်ပေးစေရန် အမိန့်ချမှတ်အယ်။ 26အဲအခါ အစေခံဟ ဘုရင်ရဲ့ ဆေ့တွင် ပျပ်ဝပ်လျက် ‘ငါ့ဟို သည်းခံတော်မူပါ၊ ဆိသမျှဟို ငါ ဆပ်မယ်’ ဟု ဆှောက်အယ်။ 27ဘုရင်ဟ သူ့ဟို သနားသောကျောန့် အကြွေးဟို ခွင့်လွှတ်ပေးယွေ့ သူ့ဟို သွားခွင့်ပြုအယ်။

28“အဲလိုလဲ အေးအစေခံဟ ထွက်သွားသောအခါ မိမိအား ငွေဒင်္ဂါးတရာ အကြွေးတင်သောသူ အစေခံချင်း တယောက်ဟို မျော်အယ်။ သူဟို ဖမ်းယွေ့ လည်ပင်းညစ်ပင်း ‘နင်ဆပ်ရန် ဆိသော အကြွေးဟို ပြန်ဆပ်လော့’ ဟု ဆိုအယ်။ 29အဲအစေခံချင်းဟ ဒူးထောက်လျက် ‘ငါ့ဟို သည်းခံပါ၊ နင့်အား အကြွေး ပြန်ဆပ်ပါမယ်’ ဟု တောင်းပန်အယ်။ 30အဲလိုလဲ သူဟ လက်မခံဘဲနေအယ်။ အဲအစား သူဟ သွားပင်း အေးသူဟို သူယူထားလဲ့ အကြွေးအား ပြန်ဆပ်လဲ့တိုင်အောင် သူ့ဟို ထောင်ထဲထည့်ထားလေအယ်။ 31အဲအဖြစ်အပျက်ဟို အခြားသော အစေခံချင်းလို့ သိမျော်သောအခါ ရမ်းဆာ့ စိတ်မကောင်းဖြစ်ပင်း မိမိလို့ရဲ့ သခင်ဆေဟို သွားပင်းလျှင် ဖြစ်ပျက်သမျှအားလုံးလို့ဟို ဆှောက်ထားကြအယ်။ 32အဲအခါ သခင်ဟ အဲကျွန်ဟို ခေါ်ယွေ့ ‘ဆိုးညစ်သော အစေခံ၊ နင်ဟ ငါ့ဟို တောင်းပန်သောကျောန့် နင်ပေးဆပ်ရန် အကြွေးဆိသမျှဟို ငါပယ်ဖျက်ခဲ့အယ်။ 33နင့်ဟို ငါသနားသလို နင်ဟလည်း အစေခံချင်းဟို မသနားသင့်ဝူးလော’ ဟု ဆိုအယ်။ 34သူရဲ့ သခင်ဟ အူထော့ယွေ့ အကြွေးဆိသမျှ ပြန်ဆပ်လဲ့တိုင်အောင် သူ့ဟို အကျဉ်းချနှိပ်စက်သောသူ လက်ဟို အပ်လေအယ်။

35“အေးစာဟ နင်လို့သည် ညီအကိုအား စိတ်နေလုံးထဲမှ ခွင့်မလွှတ်ရင် ခေါန်းခင်ဘုံနှိုက် ဆိသော ငါရဲ့ အဖဟလည်း နင်လို့ဟို အဲတိုင်းတိုင်းပြုလိမ့်မယ်” ဟု မိန့်အယ်။