မိခင်တဦးရဲ့ တောင်းဆိုချက်

(မာကု ၁၀.၃၅–၄၅)

20အဲပင်းရင် ဇေဗေဒဲရဲ့ ပေါင်အိုမဟ သားများနဲ့အတူ ယေရှုဆေ ချဉ်းကပ်ပင်း ဦးချရှိခိုးလျက် မျက်နှာသာပေးဖို့ ပြောလေအယ်။

21ယေရှုဟ သူမဟို “နင် မစာအရာဟို အလိုဆိလုန်း” ဟု မေးရင်၊

သူဟ “ကိုယ်တော်ရဲ့ နိုင်ငံတွင် ဘုရင်အဖြစ်အုပ်စိုးသောအခါ ကျွန်မရဲ့သား နေယောက်လို့ဟ လက်ယာတော်ဘက်နှိုက် တယောက်နဲ့ လက်ဝဲတော်ဘက်နှိုက် တယောက် ထိန်ရသော အခွင့်ပေးပါ” ဟု ဆှောက်လေအယ်။

22ယေရှုဟ “နင်လို့သည် စလိုအရာအတွက် တောင်းဆှောက်နေတာဟို နင်လို့ မသိကြ၊ ငါသောက်ရမဲ့ ဒုက္ခဝေဒနာမုတ်ဟို နင်လို့ သောက်နိန်ကြသလော” ဟု မေးအယ်။

သူလို့ဟ “ငါလို့ သောက်နိန်မန့်အယ်” ဟု ဆှောက်ထားကြအယ်။

23ယေရှုဟ “နင်လို့သည် ငါရဲ့ မုတ်မှ အမန်ပင် သောက်ရကြပေမဲ့ ငါရဲ့ လက်ယာဘက်နဲ့ လက်ဝဲဘက်လို့နှိုက် ထိန်ရသောအခွင့်ဟို ငါပေးတာ မဟုတ်။ ဟေနေရာဟ ငါ့ရဲ့အဖ ပြင်ဆင်ထားသူများ အတွက်သာ ဖြစ်အယ်” ဟု မိန့်အယ်။

24ဟေအကျောန်းအရာဟို အခြား တဘဲ့တော် ဆယ်ဦးလို့ ကြားသောအခါ သူလို့ဟ အဲညီအကိုနေယောက်ဟို အူထော့ကြအယ်။ 25ယေရှုဟ သူလို့ဟို အတူတကွ ခေါ်လျက် “လူမျိုးခြားလို့တွင် အုပ်ချုပ်သူလို့ဟ ပြည်သူလို့အပေါ် စိုးမိုးခြယ်လှယ်ကြယွေ့ အကြီးအကဲလို့ဟ သူလို့အပေါ် အာဏာသုံးတတ်ကြတာဟို နင်လို့ သိကြအယ်။ 26နင်လို့ဟတော့ အဲလိုမပြုကြနဲ့။ အဲအစား၊ နင်လို့တွင် ကြီးမြတ်သောသူဖြစ်လိုသူဟ နင်လို့ရဲ့ အစေခံ ဖြစ်ရမယ်။ 27ဦးရင်ဆုံးဖြစ်ချင်သောသူဟ နင်လို့ရဲ့ ကျွန်ဖြစ်ရမယ်။ 28လူသားပင်လျှင် သူတပါးအား အစေခံရန် ကြွလာတာ မဟုတ်။ အဲလိုလဲ သူတပါးရဲ့ အစေဟိုခံရန်နဲ့ မိမိအသက်ဟို စွန့်ယွေ့ လူများအား ရွေးနုတ်ရန် ကြွလာသတည်း” ဟု မိန့်အယ်။