ယေရှုဟ တံငါသည်လေးယောက်ဟို ခေါ်ခြင်း
(မာကု ၁.၁၆–၂၀; လုကာ ၅.၁–၁၁)
18ယေရှုဟ ဂါလိလဲအိန်အနီးတွင် ဆှောက်သွားရင်း တံငါသည် ညီအကို နေယောက်ဖြစ်သော၊ ပေတရု ခေါ် ရှိမုန်နဲ့ သူရဲ့ ညီအန္ဒြေလို့ ဖြစ်ပင်း၊ အိန်ထဲတွင် ပိုက်ကွန်ပစ်လျက်နေကြတာဟို မျော်အယ်။ 19ယေရှုဟ “လာကြ၊ ငါ့နောက်ဟို လိုက်ကြ။ နင်လို့ဟို လူဟိုမျှားလဲ့ တံငါသည်များ ဖြစ်စေမယ်” ဟု သူလို့ဟို ပြောအယ်။ 20သူလို့ဟ ခုတုံးပင် မိမိလို့ရဲ့ ပိုက်ကွန်များဟို လောပစ်ယွေ့ သူ့နောက်လိုက်ကြအယ်။
21ယေရှုဟ အဲအရပ်မှ ဆက်ယွေ့ ဆှောက်သွားစဉ်၊ အခြား ညီအကို နေယောက်ဖြစ်လဲ့ ဇေဗေဒဲရဲ့သား ယာကုပ်နဲ့ သူရဲ့ညီယောဟန်လို့ဟို မျော်အယ်။ မိမိလို့ အဖ ဇေဗေဒဲနဲ့အတူ လှေထဲတွင် ပိုက်ကွန်များဟို အသင့်ပြင်လျက် ဆိအယ်။ ယေရှုဟ သူလို့ဟို ခေါ်အယ်၊ 22သူလို့ဟ ခုတုံးပင် လှေနဲ့ သူလို့အဖဟို ထားခဲ့ပင်း ကိုယ်တော်ရဲ့ နောက်ဟို လိုက်ကြအယ်။


