ယေရှု ဗိမာန်တော်ဟို ကြွခြင်း
(မာကု ၁၁.၁၅–၁၉; လုကာ ၁၉.၄၅–၄၈; ယောဟန် ၂.၁၃–၂၂)
12ယေရှုဟ ဗိမာန်တော်ဟို ဝင်ပင်း ဗိမာန်တော် အထဲမှ ရောင်းဝယ်နေသူလို့ဟို မောင်းထုတ်အယ်။ ပိတ်ဆန်လဲသူလို့ရဲ့ စားပွဲများနဲ့ ချိုးငက်ရောင်းသူလို့ ထိန်ခုံများဟို လှန်လောပစ်အယ်။ 13အေးသူလို့အား “ ‘ငါအိုင်တော်ဟို ဆုတောင်းရာ အိုင်တော်ဟု ခေါ်ဝေါ်ခြင်းဟို ခံရလိမ့်မယ်’ ဟု ကျမ်းစာနှိုက် ရေးထားပေမဲ့လည်း နင်လို့ဟ အိုင်တော်ဟို ထားမြခိုအောင်းရာ ဖြစ်စေကြပီ ဟုတ်မောင့်လဲ့” ဟု မိန့်အယ်။
14ဗိမာန်တော်တွင် မျက်မမြင်များနဲ့ ခြေမစွမ်းမသန်သူများဟ အထံတော်ဟို လာကြပင်း ကိုယ်တော်ဟ သူလို့ရဲ့ ရောဂါများဟို ပျောက်ကင်းစေအယ်။ 15ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများဟ ကိုယ်တော် လုပ်သော အံ့ဩဖွယ် အမှုအရာများဟို မျော်ယွေ့ “ဒါဝိဒ်ရဲ့ သားတော်အား ဟောရှဏ္ဏာ ဖြစ်စေသတည်း” ဟု ဗိမာန်တော်ထဲတွင် လူပဲ့သငယ်လို့ အော်နေတာဟို ကြားကြသောအခါ အူထော့လျက်၊ 16သူလို့ဟ “ဟေလူပဲ့သငယ်လို့ ပစာအရာ ပြောဆိုနေတာဟို ကြားသလော” ဟု ယေရှုအား မေးဆှောက်ကြအယ်။
ယေရှုဟ “ငါကြားအယ်။ ‘လူပဲ့သငယ်များနဲ့ နို့စို့သူငယ်များအား ချီးမွန်းစေရန် ပြင်ဆင်ပေးပီ’ ဟူ သောကျမ်းစကားဟို နင်လို့ ပစာအခါမျှ မဖတ်ဖူးကြပါသလော” ဟု မိန့်အယ်။
17အေးနောက် ယေရှုဟ မြို့မှ ထွက်ပင်းရင် ဗေသနိရွာဟို ကြွယွေ့ အဲရွာနှိုက် တညတာကုန်စေအယ်။


