လူသားကြွလာခြင်း

(မာကု ၁၃.၂၄–၂၇; လုကာ ၂၁.၂၅–၂၈)

29“အေးနေ့ရက်ရဲ့ ဆင်းရဲဒုက္ခများ ကျရောက်လာပင်းနောက် ခုတုံးပင် နေဟ မိုက်သွားလိမ့်မယ်။ လဟ အလင်းရောင်ပေးလိမ့်မယ် မဟုတ်၊ ကြယ်များဟလည်း ခေါန်းခင်မှ ကြွေလိမ့်မယ်။ ခေါန်းခင်လည်း တုန်လှုပ်ကြလိမ့်မယ်။ 30အဲပင်းရင် လူသားရဲ့ နိမိတ်လက္ခဏာဟ မိုးခေါန်းခင်တွင် ပေါ်ထွန်းလာလိမ့်မယ်။ မိုးချေးသားဟိုစီးလျက် ကြီးသောဘုန်းတန်ခိုးတော်ဖြင့် လူသားကြွလာတာဟို မြေကြီးပေါ်ဆိ လူအပေါင်းလို့ဟ မျော်ကြသောအခါ ငိုကြွေးမြည်တမ်း ကြလိမ့်မယ်။ 31အေးနောက် လူသားဟ ကြီးမားသော တံပိုးခရာသံနဲ့အတူ မိမိရဲ့ခေါန်းခင်တမန်များအား အရပ်လေးမျက်နှာဟို စေလွတ်ယွေ့ ကမ္ဘာမြေကြီးတစွန်းမှ တစွန်းအထိဆိကြသော ကိုယ်တော် ရွေးချယ်ထားသော သူလို့ဟို စုသိမ်းစေလိမ့်မယ်။