သစ္စာဆိသောကျွန်နဲ့ သစ္စာမဆိ သောကျွန်

(လုကာ ၁၂.၄၁–၄၈)

45“သစ္စာဆိပင်း ပညာဆိသော ကျွန်ဟ စသူလုန်း၊ အေးသူဟ တခြား ကျွန်များဟို အုပ်ချုပ်ရန်နဲ့ အချိန်တန်လျှင် ရိက္ခာများထုတ်ပေးရန် သခင်ဟ ခန့်ထားသူဖြစ်အယ်။ 46ကျွန်ဟ မိမိတာဝန်ဟို သစ္စာဆိစွာဆောင်ရွက်နေတာဟို သခင်အိုင် ပြန်လာချိန်နှိုက် တွေ့ရင် မင်္ဂလာဆိအယ်။ 47နင်လို့အား ငါ အမန်အကန် ပြောတာဟ သခင်သည် မိမိဥစ္စာဆိသမျှဟို စီမံအုပ်ချုပ်ရန် အေးကျွန်အား အပ်နှင်းလိမ့်မယ်။ 48အဲလိုလဲ အေးကျွန်ဟ ကျွန်မိုက်ဖြစ်ပါဟ ‘ငါ့သခင်ပြန်လာအုံးမှာ မဟုတ်၊ ကြာအုံးမယ်’ ဟု စိတ်နေလုံးနှိုက် အောက်မေ့ကာ၊ 49ကျွန်ချင်းလို့အား ရိုက်နှက်လျက် သေရည်သောက်ကြူးသူလို့နဲ့ သောက်စားမူးယဇ်လျက် နေလိမ့်မယ်။ 50အေးနောက် အေးကျွန် မမျော်လင့်သောနေ့၊ မသိမျော်လဲ့ အချိန်နှိုက် သူ့သခင်ပြန်လာယွေ့၊ 51သူ့ဟို ပြင်းစွာ ကြိမ်ဒဏ်ခတ်ယွေ့ သူတော်ကောင်းဟန်ဆောင်သူလို့ခံရသော ကံကြမ္မာဆိုးဟို ခံစေလိမ့်မယ်။ သူဟ ငိုကမြည်တမ်းယွေ့ အံသွားခဲကြိတ်လျက် နေရလိမ့်မယ်။”