ယေရှုဟို သစ္စာဖောက်ရန် ယုဒ သဘောတူခြင်း

(မာကု ၁၄.၁၀,၁၁; လုကာ ၂၂.၃–၆)

14အေးနောက် တဆယ့်နေပါးထဲမှ တပါးဖြစ်သော ယုဒရှကာရုတ်ဟ ယဇ်ပုရောဟိတ်ကြီးများ ဆေဟို သွားပင်း 15“ယေရှုဟို နင်လို့လက်ဟို ငါအပ်ရင် နင်လို့ဟ ငါ့အား ပစာပေးမလုန်း” ဟု မေးအယ်။ အေးသူလို့ဟလည်း သူ့အား ငွေဒင်္ဂါးသုံးဆယ် ပေးကြအယ်။ 16အေးအချိန်မှစယွေ့ ယုဒဟ ယေရှုအား ရန်သူ့လက်ဟို အပ်ရန် အခွင့်ကောင်း ဆာလျက်နေအယ်။