ယေရှုဟ ပေတရု ငြင်းဆိုမယ်ဟို ကြိုတင်ဖော်ပြခြင်း

(မာကု ၁၄.၂၇–၃၁; လုကာ ၂၂.၃၁–၃၄; ယောဟန် ၁၃.၃၆–၃၈)

31အေးနောက် ယေရှုဟ သူလို့အား “ကျမ်းစာထဲတွင် ‘ဘုရားသခင်ဟ သိုးထိန်းဟို သတ်သဖြင့် သိုးလို့ဟ ဖရိုဖရဲ ဖြစ်ကြလိမ့်မယ်’ ဟု ပြောထားသည်နဲ့အညီ ခုညနှိုက်ပင် နင်လို့ဟ ငါ့ဟို စွန့်ပစ်ယွေ့ ပြေးကြလိမ့်မယ်။ 32အဲလိုလဲ ငါဟ သေခြင်းမှ ထမြောက်ပင်းနောက် နင်လို့ထက် ဦးရင် ဂါလိလဲပြေဟို သွားနှင့်မယ်” ဟု မိန့်အယ်။

33ပေတရုဟ ယေရှုအား “အခြားသူအပေါင်းလို့ဟ ကိုယ်တော်ဟို စွန့်ပစ်ကြသော်လည်း ငါဟ ပစာအခါမျှ စွန့်ပစ်မယ် မဟုတ်ပါ” ဟု ဆှောက်ထားအယ်။

34ယေရှုဟ “နင်အား ငါ အမန်အကန် ပြောတာဟ အခုညနှိုက်ပင် ကြက်မတွန်ခင် နင်ဟ ငါ့ဟို မသိ ဟု သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မယ်” ဟု ပေတရုအား မိန့်အယ်။

35ပေတရုဟ “ငါသည် ကိုယ်တော်နဲ့အတူပင် သေရရင် ကိုယ်တော်ဟို မငြင်းပါ” ဟု ဆှောက်ထားအယ်။ အခြားတဘဲ့တော်လို့ဟလည်း ဟေအတိုင်း ဆှောက်ထားကြအယ်။