လုတ်တိုင်းဂူတွင် အစောင့်ထားဆိခြင်း

62နောက်တနေ့ ကုန်လွန်ယွေ့ ဥပုသ်နေ့ရောက်သော် ယဇ်ပုရောဟိတ်ကြီးများနဲ့ ဖာရိရှဲများဟ ပိလတ်မင်း ဆေဟို သွားပင်းရင် 63“ဆရာ၊ အေးလူလိမ် အသက်ဆှင်စဉ်အခါဟ ‘ငါသည် သုံးရက်ကြာရင် သေခြင်းမှ ထမြောက်မယ်’ ဟု ဟောခဲ့တာဟို ငါလို့ မှတ်မိအယ်။ 64သို့ဖြစ်ယွေ့ သုံးရက်မြောက်သောနေ့အထိ လုတ်တိုင်းဂူဟို လုံခြုံစွာ ပိတ်ယွေ့ စောင့်ကြပ်စေရန် အမိန့်ပေးမန့်။ အဲလိုမဟုတ်ရင် သူရဲ့တဘဲ့များဟ လာယွေ့ ရုပ်အလောင်းဟို ခိုးယူကာ သူဟ သေခြင်းမှ ထမြောက်လေပီ ဟု လူလို့အား ပြောကြလိမ့်မယ်။ အေးအခါ နောက်ဆုံးလှည့်စားချက်ဟ ပထမလှည့်စားချက်ထက် ပိုယွေ့ ဆိုးပါလိမ့်မယ်” ဟု ဆှောက်ထားကြအယ်။

65ပိလတ်မင်းဟ “အစောင့်တပ် တတပ်ဟို ခေါ်ပင်း လုတ်တိုင်းဂူဟို သွားယွေ့ အတတ်နိန်ဆုံး စောင့်ကျေ့စေလော့” ဟု ဆိုအယ်။

66သို့ဖြစ်ယွေ့ အေးသူလို့ဟ လုတ်တိုင်းဂူသို့ သွားပင်းရင် ကျောက်တုံးဟို တံဆိပ်ခတ်နှိပ်ကာ အစောင့်တပ်များဟို ချထားကြအယ်။