လင်မယားကွာဆှင်းမှုအကျောန်း သင်ကြားခြင်း
(မဿဲ ၁၉.၉; မာကု ၁၀.၁၁,၁၂; လုကာ ၁၆.၁၈)
31“ ‘မိမိရဲ့ ပေါင်အိုမနဲ့ ကွာဆှင်းလိုသူဟ ဖြတ်စာဟို ပေးအပ်ရမယ်’ လို့ ပြောထားအယ်။ 32အဲလိုလဲ ငါ နင့်ဟို ပြောတာဟ တစုံတယောက်သည် မတရားသော မေထုန်ပြုခြင်း အကျောန်းမှလွဲယွေ့ မိမိပေါင်အိုမဟို ကွာဆှင်းသောသူတိုင်းဟ အေးပေါင်အိုမအား အိုင်ထောင်ရေးဖောက်ပြန်မှုဟို ကျူးလွန်စေအယ်။ ကွာဆှင်းထားသော ပေါင်အိုမနဲ့ လက်ထပ်ခြင်းဟို ပြုသောသူဟလည်း အိုင်ထောင်ရေးဖောက်ပြန်မှုဟို ကျူးလွန်အယ်။


