ဘုရားသခင်ရွေးချယ်သော အစေခံ

15ဟေသို့ ကြံစည်ကျောန်းဟို ယေရှု ကြားသိသောအခါ အေးအရပ်မှ ကြွသွားပင်း ရမ်းဆာ့သော လူလို့ဟ နောက်တော်ဟို လိုက်ကြအယ်။ ယေရှုဟ ဖျားနာသူလို့ရဲ့ ရောဂါများဟို ပျောက်ကင်းစေအယ်။ 16မိမိရဲ့အကျောန်းဟို သူတပါးလို့အား မပြောကြားရန် အဲသူလို့ဟို အမိန့်ပေးအယ်။ 17ဟေသို့ ပညတ်ရခြင်းမှာ ပရောဖက် ဟေရှာယအားဖြင့် ဘုရားသခင်ပေးသော မိန့်သောအရာမှာ ပြေ့စုံခြင်းဟို ရောက်မယ့်ဖြစ်အယ်။ အေးမိန့်ချက်ဟ

18“ငါနှစ်သက်မြတ်နိုးသူ၊

ငါရွေးချယ်သော ငါ့အစေခံဟို ကျေ့ကြလော့၊

ငါရဲ့ ဝိညာဉ်တော်ဟို သူရဲ့အပေါ်ဟို သက်ရောက်စေမယ်။

သူဟ ငါတရားစီရင်ချက်ဟို လူမျိုးတကာလို့အား ကြေညာလိမ့်မယ်။

19သူဟ ငြင်းခုံခြင်း၊ အဲဟာမဟုတ်ရင် ဟစ်အော်ခြင်းဟို ပြုလိမ့်မယ်မဟုတ်၊

လမ်းတွင် သူရဲ့ အသံဟို စသူမျှကြားရလိမ့်မယ် မဟုတ်။

20သူဟ ကွေ့ကောက်လျက်ဆိသော ကျူပင်ဟို မချိုး၊

မီးမတောက်ဘဲ တငွေ့ငွေ့လောင်နေသော မီးစာဟို မငြိမ်းသတ်။

သူဟ တရားမျှတမှု စိုးမိုးလာလဲ့တိုင်အောန် လုပ်ဆောင်လိမ့်မယ်။

21လူမျိုးတကာလို့ဟလည်း သူရဲ့ နာမနှိုက် မျော်လင့်အားထားကြလိမ့်မယ်” ဟူယွေ့ ဖြစ်အယ်။