အမျိုးသမီးတဦးရဲ့ ယုံကြည်ခြင်း
(မာကု ၇.၂၄–၃၀)
21ယေရှုဟ အဲအရပ်မှ ထွက်ခွာယွေ့ တုရုနဲ့ ဇိဒုန်မြို့လို့ရဲ့ နယ်များဟို ကြွအယ်။ 22အဲဒေသတွင် နေထိန်သူ ခါနာန် အမျိုးသမီးတယောက်ဟ ကိုယ်တော်ဆေဟို လာယွေ့ “ဆရာ၊ ဒါဝိဒ်ရဲ့သားတော်၊ ကျွန်မဟို သနားမန့်။ ကျွန်မရဲ့ သမီးဟ နတ်ဆိုးစွဲသဖြင့် ရမ်းဆာ့ ဝေဒနာခံလျက် နေအယ်” ဟု ဆှောက်အယ်။
23အဲလိုလဲ ယေရှုဟ သူဟို တခွန်းမှ ဖြေကြားတော်မမူ။ တဘဲ့တော်လို့ဟ ယေရှု ဆေဟို လာယွေ့ တောင်းပန်ပင်း “ဟေမိန်းမဟ ငါလို့ရဲ့ နောက်လိုက်ပင်း အော်နေအယ်၊ သူ့အား မောင်းထုတ်မန့်” ဟု ဆှောက်ကြအယ်။
24အဲပင်းရင် ယေရှုဟ “ငါသည် ဣသရေလအမျိုးသားများ ပျောက်နေသော သိုးများဆေသို့သာ စေလွှတ်ခြင်း ခံရအယ်” ဟု ဖြေကြားအယ်။
25အဲအခါ အေးမိန်းမဟ ခြေတော်ရင်းနှိုက် လာရောက် ပျပ်ဝပ်လျက် “ဆရာ၊ ကျွန်မဟို ကူညီမန့်” ဟု ဆှောက်အယ်။
26ယေရှုဟ “လူပဲ့သငယ်လို့ရဲ့ ကောင်းသော အစာဟို ယူယွေ့ ခွေးလို့အား မကျွေးအပ်” ဟု မိန့်အယ်။
27အဲမိန်းမဟ “မန်ပါအယ် ဆရာ၊ အဲလိုလဲ ခွေးများပင်လျှင် မိမိလို့ သခင်ရဲ့ စားပွဲမှကျသည့် စားကြွင်းစားကျန်များဟို စားရကြအယ်” ဟု ဆှောက်အယ်။
28အဲလို့မို့ ယေရှုဟ၊ “အချင်း မိန်းမ၊ နင်ရဲ့ယုံကြည်ခြင်းသည် အားကြီးအယ်။ နင်အလိုဆိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်အယ်။ အဲအချိန်မှ စယွေ့ အဲမိန်းမရဲ့ သမီးဟ ရောဂါပျောက်လေအယ်။


