ယေရှုဟ အောင်နီငယ် တယောက်ဆေမှ ညစ်ညမ်းသော နတ်ဟို မောင်းထုတ်ခြင်း

(မာကု ၉.၁၄–၂၉; လုကာ ၉.၃၇–၄၃က)

14သူလို့ဟ လူအုပ်ဆိရာဟို ပြန်လာကြသောအခါ လူတယောက်ဟ ယေရှုဆေဟို လာယွေ့ ဆေ့တော်နှိုက် ဒူးထောက်ကာ၊ 15“ဆရာ၊ ငါ့ရဲ့ သားဟို သနားမန့်။ သူဟ ဝက်ရူးပြန်ရောဂါစွဲပင်း မီးထဲ အဲဟာမဟုတ်ရင် ရေထဲဟို ဖြစ်စေ ခဏခဏ လဲကျတတ်အယ်။ 16သူ့အား ကိုယ်တော်ရဲ့ တဘဲ့များဆေဟို ခေါ်ခဲ့သော်လည်း သူလို့ဟ မကျန်းမာစေနိန်ပါ” ဟု ဆှောက်အယ်။

17ယေရှုဟ “ယုံကြည်ခြင်း ကင်းယွေ့ ဖောက်ပြန်ကြသော လူလို့၊ ငါဟ နင်လို့နဲ့ စလောက်ကြာအောန် နေရမလုန်း။ စလောက်ကြာအောန် နင်လို့အား သည်းခံရမလုန်း။ လူပဲ့သငယ်ဟို ငါ့ဆေဟို ခေါ်ခဲ့ကြလော့” ဟု မိန့်အယ်။ 18ယေရှုဟ နတ်ဆိုးအား အမိန့်ပေးလျှင် နတ်ဆိုးဟ လူပဲ့သငယ်ဆေမှ ထွက်သွားပင်း ခုတုံးပင် သူငယ်ဟ ကျန်းမာလာအယ်။

19အဲပင်းရင် တဘဲ့တော်လို့ဟ ယေရှုတယောက်တည်း ဆိသောအခါ အထံတော်ဟို ချဉ်းကပ်ယွေ့ “ငါလို့ဟ အဲနတ်ဟို မစာကျောန့် မောင်းထုတ်ယွေ့ မရလုန်း” ဟု မေးဆှောက်ကြအယ်။

20ယေရှုဟ “နင်လို့သည် ယုံကြည်ခြင်း အားနည်းသောကျောန့် ဖြစ်အယ်။ နင်လို့အား ငါ အမန်အကန် ပြောတာဟ၊ နင်လို့ဟ မုန်ညင်းစေ့လောက် ယုံကြည်ခြင်းဆိပါက ဟေတောင်အား ‘ဟေနေရာမှ အဲနေရာဟို ရွေ့ပြောင်းလော့’ ဟုဆိုလျှင် ပြောင်းရွေ့လိမ့်မယ်။ နင်လို့ မတတ်နိန်လဲ့ အရာမဆိ။” 21