ပညတ်တရားနဲ့ အပစ်တရား
7အဲလို့ဖြစ်ရင် ငါလို့ စလိုဟောရမလော၊ ပညတ်တရားဟ အပစ်ဖြစ်သလော။ လုံးလုံးဟုတ်ဝူး။ အဲလိုလဲ ပညတ်တရားဟ အပစ် စလိုလည်းဆိုတာ ငါလို့ဟို သိစေခဲ့အယ်။ အကယ်ယွေ့ ပညတ်တရားဟ “သူတပါးပိုင်လဲ့ အရာတစုံတခုဟို မတပ်မက်ကြနဲ့” ဟု မပြောရင် အေးလို့သော ဆန္ဒဟို ငါလို့ သိဆိလိမ့်မယ် ဟုတ်မောင့်လဲ့။ 8အဲလိုလဲ အေးပညတ်တရားအားဖြင့် အပစ်ဟ ငါလို့နှိုက် တကိုယ်ကောင်းဆန်လဲ့ ဆန္ဒများဟို နှိုးဆွရန် အခွင့်အရေးရဆိခဲ့အယ်။ ပညတ်တရား မဆိရင် အပစ်တရားဟာ သေလျက်နေအယ်။ 9ငါတတ်တိုင်း ပညတ်တရားရဲ့ ဆိတ်ကွယ်ရာအရပ်မှာ အသက်ဆှင်ခဲ့အယ်။ အဲလိုလဲ ပညတ်တရား ပေါ်လာသောအခါ အပစ်တရားဟ ဆှင်ပြန်ပင်း၊ 10အေးနောက် ငါသေရအယ်။ အသက်ဆှင်ခြင်းဟို ရောက်ဖို့ ပညတ်တရားဟ ငါနှိုက် သေလေအယ်။ 11အပစ်တရားဟ အေးအခွင့်အရေးဟို ရဆိခဲ့ပင်း ငါ့ဟို လိမ်စားယွေ့ ပညတ်တော်အားဖြင့် ငါ့ဟို သတ်လေအယ်။
12အေးကျောန့် ပညတ်တရားဟ သန့်ဆှင်းအယ်၊ ပညတ်တော်ဟလည်း သန့်ဆှင်းခြင်း၊ မန်ကန်ခြင်းနဲ့ ကောင်းမြတ်အယ်။ 13အဲလို့မို့ ကောင်းမြတ်သောအရာဟ ငါ့အတွက် သေခြင်းအကျောန်းဖြစ်သလော။ လုံးလုံး ဟုတ်ဝူး။ ငါ့အတွက် သေခြင်းအကျောန်း ဖြစ်သောအရာမှာ အပစ်ပင် ဖြစ်ယွေ့ အပစ်ဟ အပစ်ဖြစ်ကျောန်း ထင်ဆှားစေရန် ဟေကောင်းမြတ်သောအရာအားဖြင့် ငါနှိုက် သေခြင်းဟို ဖြစ်ပေါ်စေအယ်။ အေးလို့ဖြင့် အပစ်ဟ ပညတ်တော်အားဖြင့် အတိုင်းထက်အလွန် အပစ်များသောအရာ ဖြစ်လာအယ်။


