ခရစ်တော် ယေရှုနှိုက် ဘုရားသခင်ရဲ့ မေတ္တာတော်

31အဲလိုမို့ ဟေအရာနှိုက် စလို တုန့်ပြန်စရာ ဆိလုန်း၊ ဘုရားသခင်ဟ ငါလို့ဖက်နှိုက် ဆိရင် စသူဟ ငါလို့တဖက်နှိုက် နေနိန်မလုန်း။ 32မိမိရဲ့ သားတော်ရင်းဟို မနှမြောဘဲ ငါလို့ ဆိသမျှအဖို့ စွန့်သောသူဟ၊ ငါလို့အတွက် သားတော်ဟို ပူဇော်သောသူဟ အရာခပ်သိမ်းဟို ငါလို့အား အလကားကား မပေးဘဲ နေမလော။ 33ဘုရားသခင် ရွေးချယ်သောသူလို့ဟို စသူဟ အပစ်တင်မလုန်း၊ သူလို့ဟို အပစ်မဆိဟု ကြေညာသူဟ ဘုရားသခင်တတ်တိုင်း ဖြစ်အယ်။ 34အေးကျောန့် အပစ်စီရင်သောသူဟ စသူလုန်း။ အသေခံတာ သာမက ထမြောက်သော ခရစ်တော် ယေရှုဟ ဘုရားသခင်ရဲ့ လက်ယာဘက်တွင် နေယွေ့ ငါလို့အတွက် အသနားခံပေးသောသူဟ ခရစ်တော်ပင် ဖြစ်အယ်။ 35ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ငါလို့ဟို စသူ ကွာစေနိန် မလုန်း။ ဆင်းရဲခြင်း၊ ကျဉ်းကျပ်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဘေးအန္တရာယ်နဲ့ တွေ့ခြင်း၊ ကွပ်မျက်ခံရခြင်း စတာလို့လော။ 36ကျမ်းစာလာတာဟ

“ကိုယ်တော်အတွက် ငါလို့ဟ အစဉ်မပြတ် သေခြင်းဘေးဟို ခံရကြပါအယ်။

သတ်ဖို့ရာထားလဲ့ သိုးလိုမျိုး ငါလို့ဟို သူတပါး မှတ်တတ်ကြအယ်” ဟု ဖြစ်အယ်။

37မဟုတ်ပါ။ အေးအရာအားလုံးလို့တွင် ငါလို့ဟို ချစ်သောသူအားဖြင့် အောင်မြင်လျက် ဆိအယ်။ 38အကျောန်းမှာ သေခြင်း ဖြစ်စေ၊ အသက်ဆှင်ခြင်း ဖြစ်စေ၊ ခေါန်းခင်တမန် ဖြစ်စေ၊ တခြားခေါန်းခင်မှာ အုပ်ချုပ်သူများ ဖြစ်စေ၊ အခုကာလ ဖြစ်စေ၊ အနာဂတ်ကာလ ဖြစ်စေ၊ တခြား အာဏာတန်ခိုး ဖြစ်စေ၊ 39အထက်အရာ ဖြစ်စေ၊ အောက်အရာ ဖြစ်စေ၊ ဖန်ဆင်းထားသော စလိုအရာပင် ဖြစ်စေ၊ ငါလို့ သခင် ခရစ်တော် ယေရှုအားဖြင့် ခံရသော ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ ငါလို့ဟို မကွာစေနိန်ဟု ငါဟ အမန် သိအယ်။