လူမျိုးခြားလို့အတွက် သတင်းကောင်း

7ခရစ်တော်ဟ နင်လို့ဟို လက်ခံသလိုမျိုး ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ဆှားဖို့အတွက် နင်လို့ဟလည်း အချင်းချင်း တယောက်ဟို တယောက် လက်ခံကြလော့။ 8ဘုရားသခင်ဟ ကတိတည်သောသူ ဖြစ်ကျောန်း ပြသရန်၊ သူလို့ရဲ့ ဖိုးဖေးလို့အား သူရဲ့ ကတိ မန်ကန်လာဖို့ ပြုလုပ်ရန် ခရစ်တော်ရဲ့ ဖဝါ့အသက်တာ အစေခံခြင်းဟို ယုဒအမျိုးသားလို့ရဲ့ အကျိုးအတွက် ဆောင်ရွက်တာလို့ ငါဆိုအယ်။ 9ဘုရားသခင်ရဲ့ ကရုဏာဟို လူမျိုးခြားလို့ဟ ချီးမွန်းနိန်ကြစေရန် အတွက်လည်း ဆောင်ရွက်အယ်။ ကျမ်းစာအရ၊

“အေးကျောန့် ငါဟ လူမျိုးခြားလို့ အများထဲမှာ ကိုယ်တော်ဟို ချီးမွန်းလိမ့်မယ်၊

ကိုယ်တော်ဟို ချီးမွန်းသီချင်း ဆိုလိမ့်မယ်” ဟု ဖော်ပြပါဆိအယ်။

10နောက်တခါ ထပ်ပြောတာဟ၊

“လူမျိုးခြားများ၊ ဘုရားသခင်ရဲ့ လူများနဲ့အတူ ဝမ်းမြောက်ကြလော့။”

11နောက်တခါ

“လူမျိုးခြားအားလုံးလို့၊ အဆှင်ဟို ချီးမွန်းကြလော့၊

လူအားလုံးလို့၊ ကိုယ်တော်ဟို ချီးမွန်းကြလော့။”

12ပင်းနောက် ဟေရှာယဟ၊

“ယေရှဲရဲ့ အမြစ်တဦးဟ ပေါ်လာလိမ့်မယ်၊

သူဟ လူမျိုးခြားလို့ဟို အုပ်စိုးလိမ့်မယ်၊

အေးသူလို့ဟ သူ့ဟို မျော်လင့်ကြလိမ့်မယ်” ဟု ဆိုအယ်။

13နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။