ဘုရားသခင် အဆေ့နှိုက် ငါလို့ စလို ဖြောင့်မတ်လုန်း

21အဲလိုလဲ အခုအခါနှိုက် ပညတ်တရားနဲ့ ပရောဖက်များ သက်သေခံသော ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဟ ပညတ်တရား မပါဘဲ ထင်ဆှားလေပီ။ 22ဘုရားသခင်ဟ လူတွေအား ယေရှု ခရစ်ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်စေအယ်။ ခရစ်တော်ဟို ယုံကြည်သောသူ အပေါင်းလို့အား ဘုရားသခင်ဟ အေးအရာများဟို ပြုအယ်။ ပစာကို့ဆိုသော် လူအားလုံးဟ လုံးဝခြားနားခြင်း မဆိသောကျောန့် ဖြစ်အယ်။ 23လူတိုင်းဟ အပစ်ပြုကြပင်း ဘုရားသခင်ရဲ့ ကယ်တင်ခြင်း မျက်မှောက်တော်နဲ့ ဝေးကွာအယ်။ 24အဲလိုလဲ ဘုရားသခင်ရဲ့ အလကားကား ကျေးဇူးတော်ကျောန့် သူလို့ဟို ယေရှု ခရစ်ရဲ့ ရွေးနုတ်ခြင်းအားဖြင့် ဖြောင့်မတ်ရာဟို ရောက်စေအယ်။ 25-26ဘုရားသခင်ဟ သူရဲ့ အသွေးတော်အားဖြင့် လူလို့အား အပစ်များဟို ယုံကြည်သောအားဖြင့် အပစ်ခွင့်လွတ်ခြင်း ခံရမဲ့နည်းလမ်း ဖြစ်လာစေရန် သူ့ဟို ပူဇော်သကာ ဖြစ်စေခဲ့အယ်။ ဘုရားသခင်ဟ ဖြောင့်မတ်ကျောန်းဟို ပြသရန် အေးအရာဟို ပြုလုပ်ခဲ့အယ်။ အရင်တုန်းဟ ကိုယ်တော်ဟ စိတ်ရှည်သည်းခံပင်းရင် လူလို့ ကျူးလွန်ခဲ့လဲ့ အပစ်များအတွက် အပစ်မယူဘဲ နေပေမဲ့လည်း၊ အခုခေတ်ကာလနှိုက် ကိုယ်တော်ဟ ဖြောင့်မတ်ခြင်း တရားဟို ထင်ဆှားစေရန် လူလို့ရဲ့ အပစ်များဟို အရေးယူအယ်။ အေးနည်းအားဖြင့် ဘုရားသခင်ဟ သူတတ်တိုင်း မန်ကန်ကျောန်း ပြသပင်း ယေရှုဟို ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းဟို ပေးခဲ့အယ်။

27သို့ဖြစ်ရင် ငါလို့ဟ ဝါကြွားနိန်စရာအကျောန်း ပစာနားမှာ ဆိမလုန်း၊ အေးအကျောန်းပြချက်ဟ ဘာလဲ။ ပညတ်တရားဟို ငါလို့ ကျင့်သုံးခြင်း အားဖြင့်လော။ မဟုတ်ပါ။ ငါလို့ ယုံကြည်လဲ့အတွက်ကျောန့် ဖြစ်အယ်။ 28အကျောန်းမှာ လူဟ ယုံကြည်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်ဟ ဖြောင့်မတ်သောသူအဖြစ် သတ်မှတ်ပင်း ပညတ်တရားဟို ကျင့်ခြင်းအားဖြင့် မရဆိနိန်ကျောန်း ငါလို့ အခုသိကြပီ ဖြစ်အယ်။ 29ဘုရားသခင်ဟ ယုဒလူလို့ရဲ့ ဘုရားသာ ဖြစ်သလော၊ လူမျိုးခြားလို့ရဲ့ ဘုရား ဖြစ်အယ် မဟုတ်လော၊ ဟုတ်အယ်။ 30 အရေဖျားလှီးခြင်း ခံသောသူဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်အယ်ဟု အသိအမှတ်ပြုယွေ့ အရေဖျားလှီးခြင်း မခံသောသူလို့ဟို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်အယ်ဟု အသိအမှတ်ပြုသော ဘုရားသခင်ဟ တဆူတည်း ဖြစ်အယ်။ 31အဲယုံကြည်ခြင်းအားဖြင့် ငါလို့ဟ ပညတ်တရားဟို ပယ်ဖျက်တာဟို ဆိုလိုသလော။ လုံးလုံး ဟုတ်ဝူး။ ပညတ်တရားဟို အတည်ပြုခြင်းသာ ဖြစ်အယ်။