10ပျိုးကြဲသောသူအား မျိုးစိ့ကိုလည်းကောင်း၊ အစာအတွက် မုန့်ကိုလည်းကောင်း ပီးတော်မူသော ဘုရားသခင်သည် ငါရို့လိုသမျှ အလုံးစုံသော မျိုးစိ့ကိုလည်း ပီးတော်မူ၍ အပင်ကိုလည်း ကြီးထွားစီကာ သင်ရို့၏ ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်များကို တိုးပွါးစီတော်မူလိမ့်မည်။