13အကြောင်းမူကား ဤသို့ သင်ရို့၏ လုပ်ဆောင်မှုကြောင့် လူအပေါင်းရို့သည် ခရစ်တော်၏ သတင်းကောင်းကို သစ္စာဟိစွာ သင်ရို့ ခံယူကြသည်ကိုလည်းကောင်း၊ သူရို့မှစ၍ တခြားသူအပေါင်းရို့အား ရက်ရောစွာ ဝီမျှပီးကမ်းကြသည်ကိုလည်းကောင်း လူအပေါင်းရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို ချီးမွမ်းကြပေလိမ့်မည်။