2အကြောင်းမူကား သင်ရို့၏ ကူညီထောက်ပံ့လိုသော စေတနာစိတ်ကို ငါသိသည်ဖြစ်၍ သင်ရို့အကြောင်းကို မာကေဒေါနိပြည်သားတိအား၊ “အခါယပြည်၌ဟိသော ညီအစ်ကိုမောင်နှမရို့သည်၊ မနှစ်ကပင် ကူညီရန် အသင့်ဟိကြသည်” ဟု ငါသည် ဂုဏ်ယူလျက် ပြောခ၏။ သင်ရို့၏ စေတနာစိတ်ထက်သန်မှုသည် များစွာသောသူတိကို နှိုးဆော်ပီး၏။