4အကယ်၍ မာကေဒေါနိပြည်သားရို့သည် ငါနှင့်အတူ လိုက်လာကြလျှင် သင်ရို့၌ အသင့်ပျင်ဆင်မှု မဟိသည်ကို တွိ့ရပါက သင်ရို့သာလျှင် အရှက်ရကြလိမ့်မည် မဟုတ်။ သင်ရို့အား ယုံကြည်စိတ်ချမိသည့်အတွက် ငါရို့ကိုလည်း အရှက်ရစီလိမ့်မည်။