5သို့ဖြစ်၍ သင်ရို့ ကတိပြုထားသည့်အတိုင်း ဤအလှူကို အသင့်ပျင်ဆင်နိုင်ရေးအတွက် ဤညီအစ်ကို မောင်နှမတိကို တိုက်တွန်း၍ သင်ရို့ပါးသို့ ကြိုတင် စီရွှတ်နိုင်ရန် လိုအပ်သည်ဟု ငါထင်မှတ်၏။ ငါရောက်လာသောအခါ အလှူသည် အသင့်ပျင်ဆင်ထားပြီးဖြစ်၍ သင်ရို့သည် ဝတ္တရားအရ ပီးကမ်းခြင်း မဟုတ်ဘဲ စေတနာအလျောက် ပီးကမ်းခြင်း ဖြစ်ကြောင်းကို ပေါ်လွင်လိမ့်မည်။