11ထိုအခါ ပေတရုသည် သူ၌ ဖြစ်ခသည့် အမှုအရာတိကို သဘောပေါက်လာပြီး “သခင်ဘုရားသည် ဟေရုဒ်၏လက်မှ လည်းကောင်း၊ ယုဒလူမျိုးတိ မျှော်လင့်ထားသောအရာတိုင်းမှ လည်းကောင်း၊ ငါ့အား ကယ်တင်ခြင်းငှာ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်လိုက်သည်မှာ လုံးဝ မှန်ကန်သည်ကို အဂု ငါ သိရယာ” ဟု ဆိုလေ၏။