16ထိုအချိန်တွင် ပေတရုသည် တန်းခါးကို ဆက်လက်၍ ခေါက်နိန်သည်ဖြစ်၍ နောက်ဆုံး၌ သူရို့သည် တန်ခါးကို ဖွင့်ကြည့်လိုက်သော်၊ ပေတရုကို တွိ့မြင်ကြသဖြင့် သူရို့သည် အလွန် အံ့ဩကြရလေ၏။