4သူသည် မိမိဖမ်းဆီးထားသော ပေတရုအား ထောင်ထဲမှာ လှောင်ထားကာ သူ့ကို စောင့်ကြပ်ရန် တပ်စု တစ်စုလျှင် စစ်သားလေးယောက်စီပါသော တပ်စုလေးစုအား အပ်နှံထား၏။ ဟေရုဒ်သည် ပသခါပွဲတော်ပြီးလျင် သူ့အား စစ်ဆီးရန် လူထုလက်သို့ အပ်မည်ဟု စီစဉ်ထား၏။