5ငါပြောသောအရာသည် မှန်ကန်ကြောင်းကို ယဇ်ပုရောဟိတ်မင်းနှင့် လွှတ်တော်တစ်ရပ်လုံးက သက်သီခံနိုင်ကြပါ၏။ ငါသည် ထိုသူရို့ပါးမှ ဒမာသက်မြို့၌ နီသော ယုဒလူမျိုးညီအစ်ကိုရို့ကို ရီးလိုက်သောစာတိကို လက်ခံရဟိသောကြောင့် ထိုဘာသာ၌ ယုံကြည်သက်ဝင်သော သူရို့ကို ဖမ်းဆီးပြီး သံကြိုးများဖြင့် တုပ်၍ ယေရုဆလင်မြို့သို့ ပြစ်ဒဏ်ပီးခြင်းငှာ ခေါ်ဆောင်လာရန် ထိုမြို့သို့ လားခပါ၏။